Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Sunday 4 May 2014

နင်မသိသေးသော

ကောင်းကင်ယံမှာ နေ တစင်း ထွန်းလင်းနေတာ 
 နင် သိဖူးချင် သိဖူးပါလိမ့်မယ်
 ငါ့နှလုံးသားထဲ မျှော်လင့်ချက်အစဉ် ထွန်းတောက် နေတာ 
 နင် သိလိုက်မှာ မဟုတ်ဘူးနော်။

 တစ်လတခါ လတစင်း ၀င်းပနေတာ 
နင် ကြည့်ဖူးချင် ကြည့်ဖူးပါလိမ့်မယ်
 ငါ့အသဲထဲ ယုံကြည်မှုအမြဲ ၀င်းလဲ့နေတာ
 နင် ကြည့်ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 ညအခါ မှာ ကြယ်တွေအများကြီးဖြန့်ကျက်နေတာ
 နင် မြင်ဖူးချင် မြင်ဖူးပါလိမ့်မယ်
 ငါ့ရင်ထဲ တောင်းဆုကြယ်တွေအနှံ့ ပြည့်နေတာ
 နင် မြင်ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 တခါတရံ ဆန်းကြယ်စွာ ကြယ်ကြွေတာကို 
 နင် ကြုံဖူးချင် ကြုံဖူးပါလိမ့်မယ်
 ငါ့သွေးသားထဲ မျက်ရည်တစ်စက် ကြွေလွှင့်သွားတာ
 နင် ကြုံဖူးလိုက်မှာ မဟုတ်ဘူးနော်။

 လေအဝှေ့ ကြေမွသွားတဲ့ တိမ်ဆိုင်လိတ်တွေကို
 နင် တွေ့ဖူးချင် တွေ့ဖူးပါလိမ့်မယ်
 ငါ့ဘ၀ထဲ ရည်မှန်းချက်တွေ လွင့်ပြယ်သွားတာ
 နင် တွေ့ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 ဖန်တီးနေတဲ့ ငါ့ကမ္ဘာမှာ နင်ရောက်ရှိနေတာကို
 နင် ဆန္ဒရှိချင်မှ ရှိဖူးပါလိမ့်မယ်
 ငါဆိုတာ နင့်ကမ္ဘာမှာ မြူမှုန်တစ အဖြစ်တောင်
 နင် ဆန္ဒရှိဖူးလိုက်မှာ မဟုတ်ဘူးနော်။

ခေတ္တမလေးနယ်မြေ...........changtharlay@gmail.com

0 comments:

Post a Comment