Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Friday 31 January 2014

Software မပါပဲ pdf ဖိုင်ပြောင်းနည်း



မင်္ဂလာပါဗျာ ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် .. ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် .. ကဲ .. စလိုက်ကြစို့ .. ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် .. ဗားရှင်းမတူရင် အဆင်မပြေဖြစ်မှာစိုးလို့ ရှာရလွယ်အောင် အောက်မှာပုံနဲ့ပြထားပါတယ် ..


ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ .. (ကျွန်တော်ကတော့ စတုဂံပုံကို ရွေးပြထားပါတယ် .. )


အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ ပုံလေး ဖြစ်သွားပါမယ် .. စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့ အောက်မှာပြထားသလို စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)


ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..


အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. ) ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် .. နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ .. အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ .. အောက်မှာ ပုံပြထားပါတယ် ..


အဲဒီထဲက File name မှာ ကြိုက်တဲ့နံမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..


ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် .. အပေါ်ကရေးပြထားတာတွေက ပုံတွေအတွက်ပါ.. PDF စာအုပ်တွေရေးချင်တယ်ဆိုရင်တော့ shape တွေ ရွေးစရာမလိုပါဘူး Microsoft Word ကိုဖွင့်ပြီးတော့ မိမိရေးချင်တဲ့ စာတွေကိုရေး... ကိုယ်သိမ်းဆည်းထားချင်တဲ့ စာတွေကို select မှတ်ပြီးတော့ copy ကူးပါ.. ပြီးရင် Word page မှာ paste လုပ်ပါ.. ပြီးရင် Pdf အဖြစ်ထုတ်ယူတဲ့ပုံစံကတော့ အပေါ်ကအတိုင်းပါပဲ.. အားလုံးအတူတူပါပဲ.. Microsoft Office 2010 မရှိတဲ့သူတွေအတွက် ကျွန်တော်နောက်နေ့ကျရင် တင်ပေးပါ့မယ်.. အားလုံးပဲအဆင်ပြေကြပါစေဗျာ.. စာအချို့နှင့် ပုံများကို အိုင်တီမုဆိုး မှကူးယူဖော်ပြပါသည်...။။။ ခင်မင်လေးစားစွာဖြင့် လိုအပ်တာလေးများရှိခဲ့ရင်ပြောပေးခဲ့ကြပါလို့ ...ချိုင်သားလေး

Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK








အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော့်ဆရာသမားလည်းဖြစ် ဆေးထိုးဖော်လည်းဖြစ်တဲ့ အိုင်တီ မုဆိုးပေးတဲ့ Application လေးဖြစ်ပါတယ်။ Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြောပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application လေးအကြောင်း သိချင်ရင် တော့ ကျွန်တော့်ဆရာ အိုင်တီမုဆိုးကိုမေးမြန်းနိုင်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။ အရေးကြီးတာတစ်ခုကတော့ သူ Hack ပေးနိုင်တဲ့ Wifi အမျိုးအစားတွေကတော့ WPA-PSK-WPA2-PSK စတာတွေကိုဘဲ Hack ပေးနိုင်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ Download DOWNLOAD ကျေးဇူးအထူးတင်ပါတယ်...လေ့လာနေဆဲ ချိုင်သားလေး
Thursday 30 January 2014

ကလစ် ၂ ချက်နှိပ်ရုံနဲ့ ဖူးဗား ရှင်းဖြစ်တဲ့ IDM 6.18 BUILD 11 လာပါပြီ

အမြဲတမ်းတင်ပေးနေကျ Just double Click IDM လေးပါ

IDM 6.18.11 ရဲ့ နောက်ဆုံးထွက် update လေးကို Crack တွေ Patch တွေ မသုံးတက်သေးတဲ့

ညီအကို သူငယ်ချင်းများအတွက် အမြန်ဆုံး ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
JUST DOUBLE CLICK လေးကို ကျနော် ကိုယ်တိုင်လည်းသုံးစွဲနေတဲ့အတွက်
ယခု့ပြန်လည်မျှဝေလိုကိခြင်းဖြစ်ပါတယ် ခင်ဗျာ
 ဒီမှာ ဒေါင်းနိုင်ပါတယ်


အဆင်ပြေနိင်ကြပါစေ..။




နောက်တကြိမ်လာလည်ဖို့

ဖိတ်ခေါ်ပါရစေ

ကနော်ဘလော့လေးမှာအဆင်မပြေတာလေးများရှိရင်ကွန်မန့် ပေးခဲ့ကြပါနော် အတတ်နိင်ဆုံးပြန်တင်ပေးပါ့မည် လေးစားစွာဖြင့် ချိုင်သားလေး

အချစ် ကဗျာ



နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....အချစ်ရယ်...။

ကဗျာလေးအပေါ်သင့်ဘယ်လိုမြင်လဲ

ကျနော်ဘလော့ထဲကသူငယ်ချင်းညီအကိုမောင်နှမများအားလုံးကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းနိင်ကြပါစေလို့ ဆုမွန်တောင်းပေးလျှက် ချိုင်သားလေး

ဆုတောင်းသာ ပြည့်မယ်ဆိုရင်

ချစ်သူအတွက်
ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်။

ကျနော်ဘလော့လေးမှသူငယ်ချင်းမိတ်ဆွေများကဗျာလေးတွေကိုလဲကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ် အကြိုက်လေးတွေကိုစုစည်းတင်ဆက်ပေးသွားပါ့မယ် ဒီကဗျာလေးကိုဖတ်ပေးသွားကြလို့ ကျေးဇူးတင်ပါတယ်

မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ Dictionary

မြန်မာ ကွန်ပျူတာ User များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။ ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။ သူက ဆွီဒင်မှာ။ဖတ်စရာများစွာ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ...... ဒီနေရာမှာ ဖတ်လို့ရတယ် အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။ ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။ အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။ အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။ "စိုင်း" ဆိုတာ .... အောက်က ပုံအတိုင်းပေါ်လာသည်။ ကဲ ဘယ်လောက် လွယ်လဲ....:D ခက်ရင်ခက်မှာပေါ့နော်...ေိခိ :p 







လိုအပ်သမျှတောင်းဆိုခဲ့ပါ ကြိုးစားနေမည်

ကျနော်ဘလော့လေးကိုလာရောက်ပေးကြလို့ ကျေးဇူးပါ ဒေါင်းလုပ်လင့်ကလေးတွေသေနေတာလေးတွေများရှိခဲ့ရင် ပြောပေးကြပါနော် ဒေါင်းလို့ မရခဲ့ရင်ကျနော်ဂျီမေးကနေလဲမေးလို့ ရပါတယ် အတတ်နိင်ဆုံးပြန်တင်ပေးပါ့မယ် လေးစားစွာဖြင့် ချိုင်သားလေး

zawgyi မြန်မာဖောင့်


သူငယ်ချင်းတစ်ယောက် မေးထားတာနဲ့ 
 ရှိတဲ့ဖောင့်လေး တင်ပေးလိုက်ပါတယ်။ 
 ဒီကောင်လေးက  Window 7 မှာ ရော window xp မှာပါအဆင်ပြေတဲ့ 
 zawgyi  ဖောင့်လေးပါ။  အခြားလိုအပ်သူတွေ အတွက်လည်း လိုအပ်ရင် 
သုံးနိုင်အောင် တင်ပေးခြင်းဖြစ်ပါတယ်။  Window 7 အသုံးပြုသော သူငယ်ချင်းများ အတွက် 
 မြန်မာဖောင့် ကောင်းကောင်း ပေါ်စေရန် ဒီကောင်လေးကို သုံးကြည့်ဗျာ အဆင်ပြေသွားပါလိမ့်မယ်။




64bit  အတွက် ကီးဘုတ်လိုချင်သူများအတွက်အောက်မှာပေးထားပါတယ်..။
လိုချင်ရင်အောက်မှာဒေါင်းသွားလိုက်ပါ..။


 ဒီမှာဒေါင်းယူပါ

အားလုံးပဲအဆင်ပြေပါစေ..။

မူရင်းလင့်က    ဒီမှာ   ပါ..။

ဒီလိုလေးပါပဲဘာမှမခက်ပါဘူး ငိငိ

ကျနော်ဘလော့လေးကိုလာရောက်ပေးကြည့်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်ဒေါင်းလင့်ကလေးများအဆင်မပြေတာလေးတွေရှိခဲ့ရင်ကျနော်ဂျီမေးကနေလဲမေးမြန်နိင်ပါတယ်..နည်းပညာကိုချစ်မြတ်နိုးတဲ့ ချိုင်သားလေး...ေိခိ

How To Make Virus ( မြန်မာလို )

Virusရေးနည်းဆိုပေမယ.့်..သူများတွေကိုဒုက္ခပေးဖို့မဟုတ်ပါဘူး…ရေးပုံရေးနည်းလေးတေသိရအောင်လို့ပါ.
တကယ်အန္တာရယ်ရှိတဲ့virus ရေးနည်းတွေပါ.ဗဟုသုတအနေနဲ့ပေါ..bat fileအနေနဲ့သိမ်းတဲ့အတွက်ဘယ်Antivirusမှမမိပါဘူးvirusရေးပုံသိသွားပြီဆိုရင်တော့ ကိုယ်တိုင်simple virus  တွေကိုရေးနိုင်အောင်ကြိုးစားကြပါ….စရေးကြည့်ရအောင.်.. အောက်ကလင့်မှာ  virus ရေးနည်း စာအုပ်သင်ထားပါတယ်. ကဲ လေ့လား ဖတ်ချင်တယ် ဆိုရင် အောက်က စာအုပ် ၂ အုပ် ဒေါင်းသွားလိုက်ပါ အဆင်ပြောပါစေ ခင်မျာ......





ကျနော်အခုမှဘလော့လေးလုပ်ထားတာဆိုတော့အမှားပါရင်ခွင့်လွှတ်ပေးကြပါလို့ ဒေါင်းလင့်သေနေရင်ပြောကြပါနော်အတတ်နိင်ဆုံးပြန်တင်ပေးပါ့မယ်...ကျေးဇူးတင်လျှက်...