Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Saturday 3 May 2014

နင်သိနိင်ပါစေ

ရန်သူတွေတောင်မှ လက်နက်ချရင်

 ကျေအေးရသေးတာပဲဟယ်...

 နင့်ရှေ့မှာ...

 ဒူးထောက်ပြီး ခေါင်းငုံ့ထားတာတောင် 

ပခုံးပေါ် ခြေထောက်တင်ချင်သေးတာလား???

 ရပါတယ်ဟာ... ငါကလည်း ... 

နင့်ရဲ့ပထမဆုံးအပြုံးနဲ့တင်... 

အတုံးအရုန်း ကျရှုံးထားတာပဲ။ 

နာရင်းရိုက်ပြီး လှည့်ထွက်သွားရင်တောင်မှ

နာကျည်းနိုင်မှာ မဟုတ်ပါဘူး။ 

 ငါ့ကိုယ်ငါထက် နင့်ကိုပိုပြီး တန်ဖိုးထားတာ... 

 ငါပိုင်ဆိုင်သမျှ အရာအားလုံးထက်

 နင့်ကိုပိုပြီး မြတ်နိုးတာ

 ငါ့ကိုယ်ငါ ပြန်ရှာမတွေ့တော့လောက်အောင်ကို

 နင့်ကို အရမ်းချစ်နေမိတာ...

 (ဒါတွေကို)

 ငါနဲ့ ငါ့ကိုယ်စောင့်နတ်အပြင်

 နင့်ကိုပါ သိစေချင်လိုက်တာဟာ။ ။

0 comments:

Post a Comment