Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Monday 24 February 2014

ASP.NET လေ့လာကြမယ် (Htin Linn Aung )


ကျွန်တော် ဒီစာအုပ်ကိုလည်း Programming ကို စိတ်ဝင်စားသော သူများအတွက် လိုအပ်မယ်ထင်လို့ ပြန်တင်ပေးလိုက်ပါတယ် ။ စာအုပ်ထဲမှာတော့ Program ရေးနည်းတွေ အတော်များများကို တွေ့မိပါတယ် ။ စိတ်ဝင်စားသူများ ဒေါင်းပါ ။

သတင်အချက်အလက်နှင့် ဆက်သွယ်ရေးစနစ်


ကျွန်တော် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး စနစ် ( Networking ) ဆိုသော စာအုပ်လေး တင်ပေးလိုက်ပါတယ် ။
 နက်ဝက်ခ် အကြောင်း အခြေခံ အနေဖြင့် ရှင်းလင်းထားသော စာအုပ်ကောင်း တအုပ်ပါပဲ ။ 

 ဖိုင်ဆိုက်က 509 KB လောက်ပဲ ရှိပါတယ် ။


Wireless Rounter Setting ချပြီး အသုံးပြုပုံ


အခုနည်းလမ်းကတော့ သိပြီးသားလူတွေက သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်လည်း ကျွန်တော် သိသလိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်ခင်ဗျား။ 

 လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်သည်- 

 (၁) ချိန်ဆက်မည့် Wireless Router ရှိ WAN ပေါက်တွင် အင်တာနက် ရရှိသည့် Cable ကြိုးကို တပ်ဆင်ပြီး WLAN ပေါက်တွင် Desktop Computer တစ်လုံး၌ တပ်ဆင်လေ၏။ 

 (၂) ထို့နောက် Internet Explore or Firefox ကို ဖွင့်၍ 192.168.1.1 ကို ရိုက်ဖွင့်လေ၏။ ( တစ်ချို့သော Rounter တွေက 192.168.0.1 ဖြစ်နေတက်ပါတယ်။ စက်မှာ ကြည့်နိုင်ပါတယ်။ ) 

 (၃) Box တစ်ခု ကျလာလျှင် User = admin နှင့် Password = admin ကို ရိုက်ဖွင့်လေ၏။ 

 (၄) TP Link ထဲသို့ ရောက်ပါက Quick Start ကို နှိပ်ပါ။ Next ကို နှိပ်ပါ။

 (၅) Static IP ကို ရွေးပြီး Next ကို နှိပ်ပါ။ 

 (၆) IP Address , Subnet Mask, Default Gateway , Primary DNS , Secondary DNS တို့ကို ဖြည့်ပါ။ (ဥပမာ . 165.116.1.125 ၊ 255.255.255.0 ၊ 165.116.1.158 ၊ 203.81.64.20 ၊ 203.81.64.21 စသဖြင့် အင်တာနက် သုံးစွဲ၍ ရနေသော IP များကို ထည့်ပါ။) 

 (၇) နောက်တဆင့်ရောက်ပါက Next ။ 

 (၈) Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next လုပ်ပါ။(ဥပမာ- MMT Cyber Cafe)

 (၉) Finish လုပ်ပါ။ Reboot လုပ်ပါ။ (Wireless Router ၏ လုပ်ငန်းစဉ်များ ဖြစ်သည်) 

 ထို့နောက် Internet Explore or Firefox တွင် Internet Options ကိုဖွင့်၍ Connections tab မှ LAN setting ကို ဖွင့်ပါ။ Proxy Sever တွင် address ထည့်ပါ။ (ဥပမာ -ygncache.mpt.net.mm : 8080 ) 

၎င်းနောက် My Network Places တွင် Internet Protocol (TCP/IP)၌ Obtain an IP address automatically ကိုရွေး၍ Ok လုပ်ပါ။ 

 www.google.com ကို ဖွင့်ကြည့်၍ ရပါက Wireless လုပ်ငန်းစဉ် ပြီးပြီ ဖြစ်၏။ တစ်ခြား Laptop တစ်လုံးတွင် Wireless ဖွင့်၍ No Proxy နှင့် Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီ။ 

 မိမိ၏ Wireless Network ကို တစ်ခြားသူများ မသုံးစွဲစေလိုပါက Select Wireless Security တွင် WPA2-PSK-Personal (Recommended) အောက်၌ Password ပေး၍ သုံးနိုင်သည်။ 

 ယခု နည်းလမ်းများသည် အလွယ်ဆုံးနှင့် အများဆုံးအသုံးပြုသော Rounter ကို Setting ချသွားပုံပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို Rounter Manual Book မှာ ဖတ်ရှု့နိုင်ပါတယ်ခင်ဗျား။

အဆင်ပြေနိင်ကြပါစေ...။

Server အကြောင်း​ပြော​ရအောင်


ဆာ​ဗာ၊ ဆာ​ဗာ​နဲ့ ပြော​နေ​လိုက်​ကြ​တာ တော်တော်​များ​များ စိတ်ဝင်စား​ကြ​မှာ အမှန်​ပါ​ပဲ။ ဥပမာ ဝ​ဘ်​ဆို​ဒ် တစ်​ခု ဝင်​လို့ မ​ရ​တဲ့​အခါ လူ​တစ်​ယောက် သွား​မေး​တော့ “အဲ​ဒါ​ဆာ​ဗာ​ဒေါင်း​နေ​တယ်​ကွာ”လို့​ဖြေ​တယ်​လေ။ နား​မ​လည်​တဲ့ အချိန်​တုန်း​က ဆာ​ဗာ ဒေါင်း​တယ်​ဆို​တာ နား​ထဲ​ကို ကန့်လန့်​လိုက်​ဝင်​ပါ​တယ်။ ကဲ တည့်​ကြ​ရအောင်။ အင်​တာ​နက် အသုံးပြု​တဲ့ လူ​တိုင်း နားလည်​အောင် အ​လွယ်ကူ​ဆုံး နည်း​နဲ့ ရှင်း​ပြ​ပါ​မယ်။ 

 အဲ​ဒီ ဆို​ဒ်​တစ်​ခု ဖွင့်​မ​ရ ဆာ​ဗာ ဒေါင်း​တယ်​ဆို​တာ Web Server ကို​ပြော​တာ​ပါ။ Server မှာ​တောင် အမျိုး​မျိုး ကွဲ​သေး တယ်​လေ။ ကဲ စကြ​ရအောင်။

 "Server အ​ဓိ​ပ္ပါ​ယ်" 

 ကွန်​ပြူ​တာ​ကွန်ရက်​များ​အား ချိတ်ဆက်​၍ သ​တင်း​အချက်အလက် ပေး ပို့​ပေး​ခြင်း၊ သိမ်းဆည်း​ထား​ပေး​ခြင်း တို့ ပြုလုပ်​ပေး​သူ​ကို Server လို့ ခေါ်​ပါ​တယ်။ အ​လွယ်ကူ​ဆုံး ပြော​ပြ​ပါ​မယ်။ ခု​နေ ရုံး​အကြီး​စား တစ်​ခု​ကို​သွား​ရင် သူ့​မှာ စာ​ရွက်​စာတန်း​တွေ ထိ​မ်း​ထား တဲ့ နေရာ​တစ်​ခု​တော့ ရှိ​မှာ​ပဲ​လေ။ ​ဂို​ထောင်​တစ်​ခု​နဲ့​ကို သီး​သန့်​တောင် ထား​ကြ​ပါ​တယ်။ ဆေး​ရုံ​တွေ​မှာ​ဆို ပို​အရေးကြီး​ပါ​တယ်။ အခန်း​ကြီး တစ်​ခု​ထဲ​မှာ။ ဘယ်​နေ့​က ဘယ်​လူ​နာ၊ ဘယ်​နေ့​က ဘယ်​ဆေး​တိုက်၊ ဘယ်​သူ​ဆင်း၊ ဘယ်​သူ​သေ၊ ဘယ်​သူ​တက်၊ ဆေး​ရုံ​အသုံးစရိတ် ဘယ်လောက်၊ ဝန်​ထမ်း​အင်အား ဘယ်လောက် အစ​ရှိ​သ​ဖြင့် အချက်အလက်​အားလုံး​ကို ဂိုဒေါင် တစ်​ခု​ထဲ​မှာ​သိမ်းထား​ပါ​မယ်။ လို​အပ်​တဲ့​အခါ​ကျ ​ဂို​ထောင်​ထဲ​မှာ ဖိုင်​စာရင်း​အတိ​အကျ​ကို ထုတ်ယူ​လို့​ရအောင် စနစ်​တ​ကျ သေ​သေ​သပ်သပ် ထည့်​ထား​ပါ​တယ်။ ဟုတ်ကဲ့။
 အဲ​ဒီ​အချက်အလက်​တွေ​အားလုံး​ကို ကွန်​ပြူ​တာ​တစ်​ခု​ထဲ​မှာ​ပဲ ထည့်​ပြီး ယင်း​ကွန်​ပြူ​တာ​က​နေ လို​သ​လို ထုတ်​သုံး​မယ်။ နောက်ထပ်​ကွန်​ပြူ တာ တစ်​ခု​စီ ရောက်​အောင်​လည်း ရုံး​တွင် network နဲ့ ပို့​ပေး​နိုင်​မယ်​ဆို​ရင် ယင်း​ကွန်​ပြူ​တာ​က Server အနေ​နဲ့ အလုပ်​လုပ်​နေ​ပါ​ပြီ။ ဒီ​တော့ သူ့​ကို Database Server လို့ အကြမ်း​ဖျင်း​မှတ်ယူ​နိုင်​ပါ​တယ်။ 


"Server မှာ OS လို​အပ်​ခြင်း

 သာမန် ဂိုဒေါင်​တစ်​လုံး​မှာ​တောင် Store keeper ဆို​ပြီး သီး​သန့်​ခန့်​ရ တယ်​လေ။ ဒီ​တော့ Server တန်း​ဝင်​ဖို့​အတွက် Server လုပ်​မယ့် ကွန်​ပြူ​တာ​မှာ Server Operating System ကို ထည့်​ထား​ရ​ပါ​တယ်။ အချို့​ကျ​တော့ ​ဂို​ထောင်​ဝန်​ထမ်း​မ​ထား​ချင်​ဘူး။ အချက်အလက် က​လည်း နည်း​တော့ အဆင်​ပြေ​သ​လို​ထား​တယ်။ ဟုတ်ကဲ့။ ကွန်​ပြူ​တာ မှာ​လည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်း​ပေး​ရ​မယ့် အချက်အလက်​က သိပ်​မ​များ​ဘူး​ဆို​ပြီး အချို့​များ​က​လည်း Server Operating System မ​သုံး​ပါ​ဘူး။ 
 သုံး​တယ်​ဆို​ရင် ရွေး​စရာ​က အများ​ကြီး​ပဲ။ Linux Server OS သုံး​မ​လား၊ Windows လား၊ Mac လား အစ​ရှိ​သ​ဖြင့် ပေါ့။ Server OS ဆို​လို့ ဘာ​များ​လည်း​လို့ အ​တွေး​နက်​မ​သွား​ပါ​နဲ့။ သူ​က ​ဂို​ထောင်​တစ်​ခု​လို တာဝန်​ထမ်း​ပေး​မယ့် ကွန်​ပြူ​တာ​ကို အကောင်း​ဆုံး ဝန်​ဆောင်​မှု ပေး​မယ့် OS ပါ။ တော်​ရုံ OS က​မ​လုပ်​နိုင်​တာ​တွေ လုပ်​ပေး​မှာ​လေ။ 

 "Server အမျိုး​အစား​များ" 

 Web Server ဝ​ဘ်​ဆို​ဒ်၊ ​ဒေ​တာ အချက်အလက် များ အား သိမ်းဆည်း​ပေး၊ စေခိုင်း​မှု (command လက်ခံ​ပေး) ပြန်လည် အကြောင်းကြား​ပေး​ဖို့ အလုပ်​လုပ်​ပါ​တယ်။ ဥပမာ ကျ​နော်​က ဝ​ဘ်​ဆို​ဒ် တစ်​ခု ထောင်​လိုက်​မယ်။ ထောင်​တယ်​ဆို​လို့ နို့ဆီ​ဗူး​ထောင်​သ​လို ထောင်​လိုက်​တာ မဟုတ်​ဘူး​နော်။ ဆို​ဒ်​တစ်​ခု ပ​ရို​ဂ​ရ​မ်​နဲ့​ဆွဲ​ပြီး အင်​တာ​နက်​ပေါ် လွင့်​ပါ​မယ်။ ဒီ​လို​လွင့်​ဖို့​အတွက် ယင်း​အချက်အလက်​တွေ​ကို ဘယ်​မှာ သိမ်း​မ​လည်း​က ရှိ​လာ​မယ်။ ဥပမာ ခု​နေ စာ​ဖတ်​သူ​တို့ Facebook ပေါ်​မှာ ပုံ​တွေ တင်​ကြ​တယ်။ အဲ့​ပုံ​တွေ ဘယ်​ရောက်​သွား​လဲ။ Facebook က အကို​တွေ၊အမ​တွေ​က​ပဲ အ​လှ​ဆုံး​ပုံ​တွေ​ရွေး​လို့ ဝိုင်​ကြည့်​နေ​ကြ​မယ်​လို့ ထင်​လို့​လား။ 

အမှန်​တာ့ ယင်း​ပို့သ​မျှ​ပုံ​တွေ​ကို Server (ဂိုဒေါင်)ထဲ ထည့်​ပါ​တယ်။ အချက် အလက်​သိမ်းဆည်း​ပြီး Hard Disk အကြီး​စား​လို​ပါ​ပဲ။ Google ဆို​ရင် က​မ္ဘာ့​အကြီး​ဆုံး Data Center တောင် ပိုင်​ပါ​တယ်။ Web Server အနေ​နဲ့ Website ရဲ့ အချက်အလက်​များ​ကို သိမ်းဆည်း​ပေး၊ Command လက်ခံ​ပေး၊ ပြန်လည် အကြောင်းကြား​ပေး အစ​ရှိ​သ​ဖြင့် အလုပ်​လုပ် ပါ​တယ်။ Web Server အကြောင်း​နောက်မှ သက်သက်​ရှင်း​ပါ​မယ်။ 
 Application Server – Software app များ​အား အလုပ်​လုပ်​ရန် ဝန်​ဆောင်​မှု​ပေး​သော 

Server Catalog Server – network ပေါင်း​များ​စွာ​မှာ အချက်​လက်​များ​ကို

 အ​လွယ်​တ​ကူ ဆီး​ကူး​စေ​ရန် central search point အဖြစ် ဝန်​ဆောင်​မှု​ပေး​သော

 Server Communication Server - တယ်လီဖုန်း တို့​ကဲ့သို့ ဆက်​သွယ်​ရေး​အတွက် အသုံးပြု​သော

 Server Database server - ကွန်​ပြူ​တာ ပ​ရို​ဂ​ရ​မ်​နှင့် ကွန်​ပြူ​တာ​များ​အား 
သ​တင်း​အချက်အလက်​များ​အား သိမ်းဆည်း​ပေး​သည့် 

Server Fax server – Fax ဝန်​ဆောင်​မှု ပေး​သော 

Server File server - ဖိုင်​များ​အား အ​ပေး​အယူ၊ အ​ကူး​အပြော​င်း ပြုလုပ်​ပေး​သော

 Server Game server - ဗီ​ဒိ​ယို​ဂိ​မ်း​ပ​ရို​ဂ​ရ​မ်​နှင့် User များ​အား ထောက်ပံ့​ပေး​သည့် Server 

 Home Server - အိမ်​များ​အတွက် Server 

Name Server - ဝ​ဘ်​ဆို​ဒ် လိပ်စာ DNS များ​အား သိမ်းဆည်း​ဝန်​ဆောင် မှု​ပေး​သည့် Server 

 Print Server (Printer ဝန်​ဆောင်​မှု​အတွက် ဆာ​ဗာ)၊ Proxy Server (မ​တူညီ​သော server များ​ချိတ်ဆက်​နိုင်​ရန် ကြား​ခံ ဆက်​သွယ်​ပေး​သော Server, Sound server (ရေ​ဒီ​ယို​တို့​ကဲ့​သို့ multimedia broadcasting, streaming ​များ​အတွက် အလုပ်​လုပ်​သော ဆာ​ဗာ)၊ Stand-alone Server, Computer Server အစ​ရှိ​သ​ဖြင့် အမျိုး​မျိုး ထပ်​ကွဲ​ပါ​တယ်။ အချို့ ကျ​တော့ လည်း Server တစ်​ခု​ချင်း​စီ​မ​ခွဲ​ပဲ သုံး​လေး​မျိုး​ကို Server တစ်​လုံး​တည်း​နဲ့ လုပ်​လို့​ရအောင် ဖန်တီး ပေး​ပါ​တယ်။ နောက်မှ Server တစ်​ခု​ချင်း​စီ အကြောင်း အသေး​စိတ် ရှင်း​ပြ​ပါ့​မယ်။ 

 "Server မှာ ဘာ​တွေ ပါ​လဲ" 

 Server မှာ ပ​ရို​ဂ​ရ​မ်​အနေ​နဲ့ Server OS ပါ​ရ​မယ်​လို့ ပြော​ပြီး​သွား​ပြီ။ (မ​ပါ​လည်း ကိစ္စ​မ​ရှိ​ဘူး​နော်)။ Hardware ပစ္စည်း အနေ​နဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်း​ထား​မယ့် ပစ္စည်း) လို​အပ်​ပါ​တယ်။ Google တို့​လို ကု​မ္မ​ဏီ​ကြီး ကတော့ Data Center ဟဲ​ဗီး သုံး​ပြီး သူ့ ကို Run ဖို့​အတွက် သီး​သန့် Data Center Server OS တောင် သက်သက်​သုံး​ရ ပါ​တယ်။ အေး​အောင်​လည်း အ​မြဲ လုပ်​ပေး​ရ​ပါ​တယ်။ ဒါ​မှ Server မ​ဒေါင်း​မှာ​လေ။ တစ်​မိ​နစ်​ဒေါင်း​ရင် Google ဆုံးရှုံး​မယ့် ငွေ​က ကန်​ဒေါ်လာ သန်း​ထောင်​နဲ့​ချီ​မှာ​ပါ။ သူ့​ကို​မှီ​နေ​တဲ့ ကု​မ္မ​ဏီ တွေ နိုင်ငံ​တိုင်း​မှာ ရှိ​နေ​လို့ ဖြစ်​ပါ​တယ်။ ဟုတ်ကဲ့ ဒီ​တော့ Server မှာ အချက်အလက် သိမ်းဆည်း ပေး​မည့် ​ဟာ့​ဒ်​ဝဲ၊ Server အလုပ်​လုပ်​ရန် စီမံ​ခန့်​ခွဲ​ပေး​မည့် software တို့ လို​အပ်​ပါ​တယ်။

   "Server တို့ ဘယ်​လို အလုပ်​လုပ်​လဲ" 

 သာမန်​ကွန်​ပြူ​တာ​ပဲ​လေ။ Mail server ဆို​ပါ​စို့။ ကျ​နော်​က Gmail စာ​တစ်​စောင်​ရေး​လို့ ပို့​လိုက်​ပြီး mail server ထဲ ရောက်​ပြီး အဲ့​မေး​လ်​ကို စစ်​ပေး။ ဘယ်​ကိုယ်​ပို့​ရ​မယ်​ဆို​တာ သေသေချာချာ ပြန်​ကြည့်​ပြီး ပို့​ရ​မယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်​တာ​နက်​လိုင်း​ကို စီး​ကူး ပေးလိုက်​ပါ​တယ်။ ဒါ​တွေ​အားလုံး​က တစ်​မိ​နစ်​အတွင်း​မှာ ဖြစ်​သွား​တာ​နော်။ အင်​တာ​နက် လိုင်း​မြန် ရင် စက္ကန့်​နဲ့​တောင် ဖြစ်​တယ်။ Game server ဆို​ရင်​လည်း ဘယ်​သူ​တွေ Log in ဝင်​ထား​လဲ။ ဘယ်​သူ​တွေ ဘာ​လုပ်​နေ​လဲ။ သူ​ကတော့ ဘာ အချက်အလက်​တွေ ပို့​လိုက်​ပါ​ပြီ။ ဟို​ဘက်​ကို ဘာ​အချက် အလက် ပြန်​ပို့​ပေး​ရ​မယ် အစ​ရှိ​သ​ဖြင့် တော်တော်​အလုပ်​ရှုပ်​ပါ​တယ်။ သူ့​ရဲ့ Data စီး​ဆင်း​မှု​က​လည်း အ​တော်လည်း မြန်ဆန်​ပါ​တယ်။ 

Facebook ဆို​ရင်​တော့ Web server ပေါ့။ ကျ​နော်​တို့​က Log in ဝင်​ရင် ဘယ်​သူ​က ဘယ် IP နဲ့ ဝင်​လာ​ပါ​တယ်။ ဘယ် folder ကို​ပို့​ပေး​ရ​မယ်။ ဘာ​တွေ ပြန်​ပို့​ပေး​ရ​မယ်။ အစ​ရှိ​သ​ဖြင့် အလုပ်​ရှုပ်​ပါ​တယ်။ ဝ​ဘ်​ဆို​ဒ်​တစ်​ခု​အနေ​နဲ့ လူ​ဘယ်နှစ်​ယောက် ကြည့်​ပြီး​ရင် ဒေါင်း​တယ် ဆို​တာ Server ကိုယ်​ရ​တဲ့ memory နဲ့​ဆိုင်​ပါ​တယ်။ IP ဘယ်လောက်​ပဲ ဝင်​သုံး​လို့​ရ​မယ်​လို့ ကန့်သတ်​ထား​ပါ​တယ်။ user များ​ရဲ့​ဝင်​ရောက်​ကြည့်​ရှု အသုံးပြု​မှု အရေအတွက် တစ်​ခု ရောက်​လို့ Memory ကျော်သွား​ရင် server အလုပ်​လုပ်​မှု ရပ်​ပါ​တယ်။ ပြီး​တော့ မိမိ ဝ​ဘ်​ဆို​ဒ်​မှာ အချက်အလက်​တွေ တင်​တာ သတ်​မှတ်ချက်​ထက် ကျော်​လွန်သွား ရင်​လည်း ဒေါင်း​ပါ​တယ်။ အချက်​လက် ဘယ်လောက်​ပဲ ထည့်​ဖို့ Server မှာ memory space ဘယ်လောက်​ဝယ်​ထား​တယ် ဆို​တာ​မျိုး​ပေါ့။ 

 Domain Name Server ဆို​ရင်​လည်း ဘယ်​ဝ​ဘ်​ဆို​ဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်​လိုက်​ပါ​ပြီ။ ငါ​ဒီ IP နဲ့ လိပ်စာ​ကို အခြား​လူ​ပေး​လို့ မ​ရ​တော့​ဘူး အစ​ရှိ​သ​ဖြင့် DNS က အလုပ်​လုပ်​ပါ​တယ်။ ခု​နေ www.facebook.com နဲ့ ဆို​ဒ်​တစ်​ခု ရ​လား​လို့ register လုပ်​ကြည့်​လေ။ ယင်း နာမည်​ကို DNS မှာ register လုပ်​ထား​ပြီး​ပြီ​မို့ နောက်​လူ​တွေ လုပ်​ယူ​လို့ မ​ရ​တော့​ပါ​ဘူး။ ဒါ​က ရှင်း​ရ​ရင် အများ​ကြီး​ရှိ​ပါ​သေး​တယ်။ နောက်မှ ရှင်း​ပါ့​မယ်။

 Server ကို သာမန်​ကွန်​ပြူ​တာ​နဲ့ မ​လုပ်​ရ​ခြင်း​က အကြောင်း ​၂ ချက်​ရှိ ပါ​တယ်။ တစ်​ခု​က ​၂​၄ နာရီ​အလုပ်​လုပ်​ရန် သာမန် ကွန်​ပြူ​တာ​က မ​သင့်​တော်​ခြင်း​နဲ့ သ​တင်း​အချက်အလက်​မြောက်​များ​စွာ​ကို လုံခြုံ​စွာ သိမ်းဆည်း​မ​ပေး​နိုင်​ခြင်း​တို့​ကြော​င်း​ပါ။ ဒါ​ကြောင့် Server ဆို​ပြီး သီး​သန့်​စက်​ကြီး​တွေ၊ OS တွေ​နဲ့ run ရ​ပါ​တယ်။

လေးစားခင်မင်းလျှက်.......။

Network အသုံးပြုနည်းလက်စွဲ (Aung Lin , Moe Kyaw Thu BE,Electronics )


Networks အပိုင်းစိတ်ဝင်စား စရာကောင်းသော စာအုပ်လေးပါ ။ စာအုပ်အမည်ကိုက Networks အသုံးပြုနည်းလက်စွဲလို့ ဆိုထားတော့ လက်ထဲမှာသာ ဆောင်ထားလိုက်ပါ ။ စိတ်ဝင်စားရင်တော့ ရဲရဲသာ ဒေါင်းပါ ခင်ဗျား ။

Internet Speed ကို မြန်ဆန်စေသော DNS Sever များ


DNS Sever ကိုတော့ ကျွန်တော် အတော်ကို ကြိုက်နှစ်သက်ပြီး အသုံးလည်းပြုပါတယ်။ သူက အင်တာနက် Speed ကို ပိုမြန်စေပြီး တခါတလေ Wifi သုံးနေရင်း Connected သာ ဖြစ်ပြီး No Internet Access ဖြစ်ရင်လည်း DNS Sever ကို ပြောင်းလိုက်တာနဲ့ Internet Access ကို ရသွားပါတယ်။ သူ့ကို သာမန်အားဖြင့် ကွန်ပျူတာမှာ Automatic ကို သာရွေးပြီး အသုံးပြုတာများပါတယ်။ ကိုယ်က ကြိုက်ရာ DNS Sever ကို အသုံးပြုချင်ရင်တော့ Start > Control Panel > Network and Sharing Centre > Change Adapter Setting > အဲ့မှာ ကျွန်တော်တို့ အခုလောလောဆယ် အသုံးပြုနေသော Network Connection ကို ရွေးရပါတယ်။ ကျွန်တော်ကတော့ Wifi ကို အသုံးပြုတာကြောင့် Wireless Connection ကို ရွေးပြီး Right Click > Properties >


Properties Box မှာ Internet Protocol Version 4 ( TCP/IPv4 ) ကို ကလစ် Properties ကို ထပ်ပြီး ကလစ်ပါက IP Address , DNS Sever ထည့်သွင်းလို့ရသော နေရာသို့ရောက်ပါတယ်။ ကျွန်တော်ကတော့ DNS Sever ကို Manual ထည့်သွင်းချင်တာမို့ အောက်ဘက်အနားက Use the following DNS Sever Address: ကို Check လုပ်ပြီး ကိုယ်ဘာသာရိုက်သွင်းရမှာပါ ။


အဲ့မှာ DNS Sever ကို ရိုက်သွင်းဖို့ နှစ်နေရာရှိပါတယ် ။ Preferred DNS server , Alternate DNS server တို့ပဲ ဖြစ်ပြီး နှစ်နေရာလုံးမှာ ထည့်သွင်းလည်းရသလို Preferred DNS server မှာပဲ ရိုက်လည်းရတာ တွေ့မိပါတယ်ခင်ဗျား။ 

 အောက်မှာ ကျွန်တော်သိသော DNS Sever များကို ဖော်ပြထားပါတယ်ခင်ဗျား ။ 
 Level3:
 Preferred DNS server – 209.244.0.3 
Alternate DNS server – 209.244.0.4 

 Google:
 Preferred DNS server – 8.8.8.8 
Alternate DNS server – 8.8.4.4 

 ScrubIT3:
 Preferred DNS server – 67.138.54.120 
Alternate DNS server – 207.225.209.77 

 OpenNIC4:
 Preferred DNS server – 69.164.208.50 
Alternate DNS server – 216.87.84.211

 Public-Root5:
 Preferred DNS server – 199.5.157.131 
Alternate DNS server – 208.71.35.137 

 Comodo DNS:
 Preferred DNS server – 8.26.56.26
 Alternate DNS server – 8.20.247.20 

 OpenDNS: 
Preferred DNS server – 208.67.222.222
 Alternate DNS server – 208.67.220.220 

 DNS Advantage: 
Preferred DNS server – 156.154.70.1
 Alternate DNS server – 156.154.71.1 

 Norton DNS: 
Preferred DNS server – 198.153.192.1
 Alternate DNS server – 198.153.194.1

 SmartViper:
 Preferred DNS server – 208.76.50.50
 Alternate DNS server – 208.76.51.51

အဆင်ပြေနိင်ကြပါစေ.....။

Home Network ( Network အသေးစားလေးတည်ဆောက်ခြင်း)


Home Network ( Network အသေးစားလေးတည်ဆောက်ခြင်း) ဆိုသော စာအုပ်လေးရလာလို့ ပြန်မျှလိုက်မယ်နော် ။ အသေးစား နက်ခ်ဝက် တည်ဆောက်ပုံကို ပြည့်ပြည့်စုံစုံ ရေးသားထားတာကို တွေ့ရမှာပါ ။ စာအုပ်က 299 KB ပဲရှိပါတယ် ။ လိုချင်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Complete Network Guide (ဦးဇော်လင်း)


ကျွန်တော် ဆရာဦးဇော်လင်းရေးသားသော Complete Network Guide ဆိုသော စာအုပ်ကို လိုအပ်သူများ အသုံးလိုသော သူများအတွက် တင်ပေးလိုက်ပါတယ် ။ ဖိုင်းဆိုဒ်က 23 MB ကျော်ကျော်ရှိပါတယ် ။ 
 Networking အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားတာကို တွေ့နိုင်ပါတယ် ။

Basic Networking ( မြန်မာ စာအုပ် )


ကျွန်တော် Basic Networking ( Networking အခြေခံလေးများ ) စာအုပ်ကို ဘလော့ဂ်မှ မျှဝေလိုက်ပါတယ်ခင်ဗျား။ စာအုပ်ရေးသားသူကတော့ ကိုနေ ဖြစ်ပါတယ်။ www.myanmar-technicians.org မှ ရေးသားသော စာအုပ်ဖြစ်ပါတယ်။ လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။ ဖိုင်ဆိုဒ်က 582 KB ရှိပါတယ်။

လက်တော့ပ်များနှင့် ကခုန်ခြင်း ( မြန်မာစာအုပ် )


ကိုဖြိုးမြင့်သိန်းရေးသားသော လက်တော့ပ်များနှင့် ကခုန်ခြင်းစာအုပ်လေးကို ကျွန်တော့်ဘလော့ဂ်မှတစ်ဆင့် ပြန်လည်ဝေမျှလိုက်ပါတယ်။ စာအုပ်ထဲမှာ လက်တော့ပ်တစ်လုံး ကိုယ့်လက်ထဲမှာ ဘယ်လိုမျိုး အဆင်ပြေပြေနဲ့ ထိန်းချုပ်ရမလဲဆိုတာတွေကို သေးစိတ်ဖတ်ရှု့နိုင်ပါတယ်။ ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲဆိုတော့ နိုင်ငံရပ်ခြားက လက်တော့ပ်လက်ဆောင်ရသော သူများအတွက် အထူးသင့်တော့သော စာအုပ်ကောင်းတစ်အုပ် ဖြစ်မှာပါ။ နိုင်ငံရပ်ခြားက Local Language နှင့် ထုတ်လိုက်သော လက်တော့ပ်တွေဆိုရင် အတော်များများ တိုင်ပတ်တက်တာမို့ အဲ့လိုမျိုး ပြဿနာတွေကို ဒီစာအုပ်လေးက တစ်နည်းတစ်ဖုံ ကူညီပါလိမ့်မယ်။
 စာအုပ်က ဖိုင်ဆိုဒ် 677 KB ရှိပါတယ်။

ဒီဂျစ်တယ်ပစ္စည်း MP3, MP4 , Ipod , All Digital Player လုပ်ဆောင်မှုများနှင့် ပြဿနာဖြေရှင်းခြင်း


ကျွန်တော် ဒီဂျစ်တယ်ပစ္စည်း MP3, MP4 , Ipod , All Digital Player လုပ်ဆောင်မှုများနှင့် ပြဿနာဖြေရှင်းခြင်း ဆိုသော စာအုပ်ကို လိုအပ်မည့် လူများအတွက် ပြန်တင်ပေးလိုက်ပါတယ် ။ စာအုပ်က ဆရာသန်းထိုက်ရေးထားတာပါ ။ ဘာပဲပြောပြော Digital Player တွေကို ပိုပြီးသိသွားစေနိုင်သော စာအုပ်ပါ ။ စိတ်ဝင်စားရင်တော့ ရဲရဲသာ ဒေါင်းပါ...။

Download   

ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဦးဇော်လင်း


ကျွန်တော် ဆရာ ဦးဇော်လင်း ရေးသားသော ကွန်ပျူတာ အကြောင်း သေးစိတ်သိစရာ စာအုပ်လေးကို တင်ပေးလိုက်ပါတယ် ။ 
 Hardware စာအုပ်ကောင်း တစ်အုပ်ပါ ။ 
 လိုအပ်သူများ ဒေါင်းနိုင်ပါတယ် ခင်ဗျား ။
 ဖိုင်ဆိုဒ်က 17 MB လောက် ရှိပါတယ် ။

Sunday 23 February 2014

ကွန်ပျူတာ ပြုပြင်နိုင်ရန် စဉ်းစာနိုင်သော အချက်များ


ကွန်ပျူတာ ပြုပြင်နိုင်ရန် စဉ်းစာနိုင်သော အချက်များဆိုတာ ကွန်ပျူတာကို ကိုယ်တိုင်ကိုယ်ကျ ပြုပြင်မည် သူများအတွက် သိသင့်ပါတယ် ။
 ကျွန်တော် သိပ်ကြိုက်သော မြန်မာမိသားစုဖိုရမ်က ကိုစံငြိမ်း ၏ ဆွေးနွေးချက်များကို တစုတည်းဖော်ပြနိုင်သော စာအုပ်လေးကို ပြန်ဖော်ပြလိုက်ပါတယ် ။ အကုန်လုံးကို ကျွန်တော့် ဘလော့မှာ အားလုံးဖော်ပြပြီးပါပြီ ။ 
 စာအုပ်ဆိုတော့ တစိမ့်စိမ့်ဖတ်လို့ရတာပေါ့ဗျာ ။ 
 စာအုပ်ထဲမှာ
 Motherboard
 Power Supply
 RAM
 VGA
 Processor
 Hard disk
 စသော အစိတ်အပိုင်းတွေ ဘာကြောင့်ပျက်လဲ ဆိုတာကို စဉ်းစားနိုင်အောင်ရေးသားထားပါတယ် ။



ကွန်ပျူတာ တစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း (ကိုမောင်မောင်ကြီး)


ကဲ့ စာအုပ်လေးက ကောင်းနေတာမို့ ပြန်မျှလိုက်တယ်နော် ။ ကျွန်တော်ကတော့ စာအုပ်ကို ဖတ်ပြီးသွားပါပြီ ။ ပီစီ ကွန်ပျူတာ တွေ အကြောင်းကို ပြည့်ပြည့်စုံစုံ သိနိုင်သော စာအုပ်လေးပါ။ စာအုပ်က ဖိုင်ဆိုဒ် 6 MB လောက်ရှိပါတယ်။ လိုချင်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Windows XP ပျက်သွားသောအခါ


Microsoft Windows XP ကို အသုံးပြုစဉ်က Windows ကျ ( ပျက်စီးမှု ) သည် အတော်ကို များပြားပါတယ် ။ 
 Microsoft Windows XP ဟာ Microsoft OS တွေထဲ အတော်ကို အသုံးပြုလို့ ကောင်းမွန်သော OS တစ်ခုပါပဲ ။ 
 ဘယ် ဆော့ဝဲလ်မဆို တင်လို့ အသုံးပြုလို့ ရသော OS လို့တောင်တင်စားရမလို ဖြစ်နေပါတယ် ။ 

ဆော့ဝဲလ်တိုင်းကို လွယ်လွယ်ကူကူ Install လုပ်လုပ်ရသော OS ဖြစ်သည်နှင့် အမျှ Virus Program များကလည်း လွယ်လွယ်ကူကူပဲ ဝင်ရောက်ကူးစက်ပါတယ် ။

 ကျွန်တော် ကွန်ပျူတာ ပြဿနာများသွားရောက် ဖြေရှင်းမှုသက်တမ်းမှာ Windows XP ပျက်စီးမှုများကို အများဆုံးကြုံတွေ့တက်ပါတယ် ။

 Windows 7 ကတော့ တော်ရုံတန်ရုံ ဗိုင်းရပ်ကို တားဆီးပိတ်ပင်တက်တာကြောင့် Windows ကျသွားသော ပြဿနာသိပ်မရှိပါ ။ 

 Windows XP ကို Install လုပ်ဖို့ဆိုရင်တော့ Windows XP ရဲ့ System Requirement လေးကို နည်းနည်းလေ့လာလိုက်ရာအောင် ။ 

 Windows XP ကို Processor P4 , RAM 256 , Video 64 ,128 , Hard Disk 8GB ရှိရုံနှင့် Install ပြုလုပ်နိုင်ပါတယ် ။

 Windows Install လုပ်ဖို့ဆိုရင်တော့ Windows CD ကို CD,DVD Drive ပေါ်က Boot လုပ်ရမှာဖြစ်သည့်အတွက် CMOS / BIOS ထဲမှာ First Boot ကို CD,DVD ROM ကိုရွေးပေးရမှာဖြစ်ပါတယ် ။ 

 CMOS/BIOS ထဲဝင်ရောက်ရန် အခက်ခဲရှိပါက CMOS BIOS ထဲသွားလည်မယ် ပို့စ်မှာ သွားရောက်ကြည့်ရှုနိုင်ပါသည် ။

 ကွန်ပျူတာကို ပါဝါဖွင့် Windows XP CD ကို CD, DVD Drive ထဲထည့်သွင်းပါက CMOS/BIOS က First Boot CD Rom ရွေးထားသည့်အတွက် Computer Screen တွင် Press Any Key from CD Drive ... လို့ပေါ်လာပါက ကြိုက်နှစ်သက်ရာ Keyboard မှ Key တခုခုကို နှိပ်ပါ ။

 Windows Loading ဘာညာသာရာကာ အစသဖြင့် ပေါ်လာတက်ပါသည် ။ နောက်တခုပေါ်လာနိုင်တာက Setup ကို ဆက်သွားချင်ပါက F8 ကို နှိပ်ပါ စသော ညွှန်ကြားချက်ပါ ။ 

Windows တင်ခြင်း Process သည် တကယ်တော့ On Screen Command သာလျှင်ဖြစ်ပါသည် ။ Partition ခွဲသော နေရာရောက်ပါက အနည်းငယ်သတိထားရပါမယ် ။ 

 Partition ရှိပြီးသားဖြစ်ပါက Partition ကိုဖျက်ချင်လျှင်သုံးသော D , Partition ဖန်တီးချင်လျှင်သုံးသော C စတာတွေကို သတိပြုရပါမယ် ။ 

 Partition ရှိပြီးသားဖြစ်ပါက Partition မဖျက်လိုလျှင် Enter ကိုနှိပ်ခြင်းဖြင့် အဆင်ပြေသွားပါမည် ။ နောက်တချက်က Format ချသော အပိုင်းပင်လျှင်ဖြစ်ပါသည် ။

 Windows Format ကို FAT , NTFS နှစ်ခုရွေချယ်စရာပေးထားပါသည် ။ 

NTFS ကိုသာရွေးချယ်ပါ ။ Format ရိုက်သောနေရာတွင် Quick , Normal နှစ်ခုရွေးစရာပေးထားသေးသည် ။

 Normal ဖြင့်ရိုက်ပါက အချိန်တော့ပေးရမည်ဖြစ်ပြီး အတော်ကောင်းမွန်သော Hard Disk Partition ကိုရရှိမည်ဖြစ်သည် ။

 Quick ကိုက အချိန်အကြာကြီး မစောင့်ချင်သောသူများအတွက် ပေးထားသော Function ဖြစ်ပါသည် ကြိုက်နှစ်သက်ရာဖြင့် Format ချခွင့်ရှိသည် သို့သော် NTFS ဖြစ်ဖို့တော့ မမေ့ပါနှင့် ။ 

 နောက်တချက် သတိထားစရာ တချက်က Windows Installation ဖြစ်စဉ်တွင် Restart ချပြီး ပြန်တက်လာသော အပိုင်းဖြစ်သည် ။ 

 နောက်တကြိမ်း Restart ပြန်တက်လာသည့် အချိန်တွင်လည်း CMOS က CD First Boot အဖြစ်သိနေသောကြောင့် Press Any Key From CD ... စာတန်းတက်လာပါလိမ့်မည် ။ 

 ဘာ Key ကိုမှ မနှိပ်ပဲ ထားလိုက်ပါ တခုခုနှိပ်လိုက်ပါက Windows Installation ကို အစမှ ပြန်စနေရပါမည် ။ 

ကျွန်တော်က သဘောတရားလောက်သာ ရှင်းပြလိုက်ခြင်းသာ လျှင်ဖြစ်သည် ။ 

 ပုံနှင့်တကွ အသေးစိတ် သိချင်ပါက OK Virus Cleaner CD မှ ပေးထားသော Windows XP Installatin Pdf Files ကို Download ဆွဲကာ စမ်းသပ်နိုင်ပါသည် ။


Windows 8 ကိုလေ့လာခြင်း


Windows 8 ကိုလေ့လာခြင်း ဆိုသော စာအုပ်ကို ကျွန်တော် ပြန်မျှဝေလိုက်ပါတယ် ။ ရေးသားသူက ကိုသရ(ICT) ပါ ။ ကျွန်တော် ဒေါင်းတာတော့ ကိုအိုင်တီမုဆိုးကနေပြီးဒေါင်းလာတာပါ ။ လင့်က သေသွားလို့ MMIThelper က လင့်ကို ပြန်ညွှန်းလိုက်ပါမယ် ။ စိတ်ဝင်စားရင်တော့ ဒေါင်းပါ ။ စာအုပ်ထဲမှာ Windows 8 Installation , Using အကုန်ပါဝင်တာတွေ့ရပါတယ် ။

Windows 7 သစ်တင်ခြင်း ၊ ပျက်သွား၍ တင်ခြင်း


Windows 7 OS ဟာ Microsoft ထုတ်ကုန် OS တွေထဲ တော်တော်ကြီး ကောင်းသော OS လို့ပြောလို့ရသလို အသုံးပြုသူ အတော်ကို များပြားပါတယ် ။ 

 Windows 7 ကို Windows Vista ၏ အမှားများကို ပြင်ဆင်ထားသော OS လို့လည်းပြောလို့ရပါတယ် ။ ကောင်းမွန်သော Feature တွေနဲ့ Windows 7 ဟာ Virus ရန်ကို အတော်ကို ကာကွယ်ပေးသော်လည်း Virus သာ Windows 7 တွင် ကူးစက်သွားပါက အတော်ကို ဖြေရှင်းရခက်ပါတယ် ။ 

 Windows 7 မှာ Program များကို တိုက်ရိုက် Install လုပ်လို့မရပါ Install လုပ်မည်ဆိုပါက သေချာသလား စသော မေးခွန်းဖြင့်မေးလို့ပါ ။ Virus Program ကလည်း Install လုပ်မည်ဆိုပါက ထိုအဆင့်ကို မေးပါတယ် အသုံးပြုသူများကသာ Run ပါမယ်လို့သာ Click နှိပ်မှားပါက သွားပါပြီး တရားဝင် Virus Program ကို ပေး Run ထားသလိုပါပဲ ။

 Windows 7 ကို ကွန်ပျူတာမှာ တင်သုံးချင်ပါက Memory 1 GB , Processor Dual Core အနည်းဆုံးရှိမှသာ တင်သင်ပါတယ် ။

 Windows 7 Installer DVD ကို DVD Drive ထဲထည့် First Boot တွေလုပ်ပြီး CD/DVD က Boot တက်ပေါ့ဗျာ ။ 
 Windows 7 က Windows XP တင်တာလောက် သိပ်မခက်ပါဘူး။ 
 ကျွန်တော် Windows 7 တင်နည်းကို စာအုပ်ကို Download ဆွဲပြီး လေ့ကျင့်ပါလို့ ပြောချင်ပါတယ် ။ ကျွန်တော် Windows 7 Installation Guide ကို OK Virus Cleaner Group CD ထဲက pdf file ကို Upload လုပ်ပေးထားပါတယ် ။ 
 လေ့ကျင့်ချင်ပါက ဒေါင်းပေါ့ဗျာ ။


Windows 7 ကို တင်ပြီးပါက Rating ကို တွက်ပေးပါလို့ အကြံပေးချင်ပါတယ် ။

Windows 7 Repair Guide


Windows 7 က အသုံးပြုနေရင်း အကြောင်းမျိုးမျိုးကြောင့် ပြဿနာတက်လာပါက Windows ပြန်မတင်ပဲ

 ဖြေရှင်းတဲ့ နည်းလေးတွေ ရှိပါတယ် ။ Windows 7 ကို တင်တုန်းက အသုံးပြုသော Installer DVD ဖြင့် 

Boot တက်ကာ ဖြေရှင်သော နည်းလေးပါ ။ Graphic Mode ရော Command Lines 

ကနေပြီး ပြန်ပြင်ပေးလို့ရပါတယ် ။ ကျွန်တော် အဲဒီလိုဖြေရှင်းနိုင်အောင် စာအုပ်တအုပ်တင်ပေးထားပါတယ် 
။ Windows 7 Repair Guide ဆိုသော စာအုပ်ပါ OK Virus Cleaner Group က ရေးသားတာပါ ။ ကျွန်တော်သာ ရေးရင် အဲလောက်ကောင်းမှာမဟုတ်လို့ စာအုပ်ကို ပဲ ဒေါင်းပေါ့ဗျာ ။

PC Upgrate and Repair Simplified


ကျွန်တော် PC Upgrate and Repair Simplified ဆိုသော စာအုပ်လေးကို တင်ပေးလိုက်ပါတယ် ။ စာအုပ်ကို ရေးသားသူကတော့ ဖိုးနိုင်ဝင်း ဖြစ်ပါတယ် ။ ဖိုင်ဆိုဒ်က 17 MB လောက်ရှိပါတယ် ။ လိုချင်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား ။

PC Machinc ( ဦးဇော်လင်း )


ကျွန်တော် ဆရာဦးဇော်လင်း ရေးသားသော PC Machinc ဆိုသော စာအုပ်လေး တင်ပေးလိုက်ပါတယ် ။ ဆရာ ဦးဇော်လင်းကတော့ စာအုပ်မှာ သူ့စာအုပ်ကို ဖတ်ပြီးမှ ကွန်ပျူတာ ပြင်ပါလို့ရေးထားတာ တွေ့မိပါတယ် ။ ဖိုင်ဆိုဒ်က 10 MB လောက်ရှိပါတယ် ။

MS DOS command ကိုအသုံးပြုပြီး CMOS Password Reset Remove Bypass ပြုလုပ်ခြင်း


ဒီနည်းကတော့ MS DOS command ကိုအသုံးပြုပြီး BIOS or CMOS Password ဖြုတ်တဲ့နည်းပါ။ အဲဒါဆို မိမိ စက်ကိုဖွင့်လိုက်ပါ။ ပြီးတော့ Command Prompt ကိုဖွင့်လိုက်ပါ (Window + R > cmd) ။ အောက်ပါ command တွေကို တစ်ခုဆီသာရိုက်ထည့်ပါ။ debug o 70 2E o 71 FF quit Command လိုင်းထဲက o သည် ကီးဘုတ်ပေါ်က English alphabet "o" ဖြစ်ပါတယ်။ သင်္ချာနံပါတ် "0" မဟုတ် ပါ။ အထက်ပါ Command တွေရဲ့ access ကတော့ … MS DOS (Microsoft Disk Operating System) မှာ Debug Command ကိုအသုံးပြုမည့် သဘောပေါ့ဗျာ။ "o" သည် IO ports တွေရဲ့ values Output ဖြစ်ပါတယ်။ “70” နဲ့ “71” နံပါတ်တို့သည် CMOS memory ကိုဆက်သွယ်ပေးနိုင်တဲ့ သင်္ချာဂဏန်းတြွေဖစ်ပါတယ်။ “FF” သည် CMOS settings နဲ့ BIOS password တွေကို reset ပြန်လုပ်ပေးနိုင်တဲ့ value ပါပဲ။

နေ့စဉ်နှင့်အမျှလေ့လာတွေ့ ရှိချက်ကလေးတွေကို
မိတ်ဆွေသူငယ်ချင်းများကိုပြန်လည်မျှဝေသွားမှာပါ
ဒေါင်းလင့်ကလေးတွေအဆင်မပြေတာရှိခဲ့ရင်
changtharlay@gmail.com ကို
မေးပို့ ပေးကြပါ...အတတ်နိင်ဆုံးပြန်တင်ပေးပါမည်...
ကျနော်ကိုယ်တိုင်ကလဲလေ့လာနေဆဲပါ
ကျေးဇူးတင်လျှက်....ချိုင်သားလေး...:)

Learning Linux 3 in 1 Installation Guide and Using ( Zaw Lin Youth )


ကျွန်တော် ဖတ်ကြည့်တာ အတော်ကို ကောင်းပါတယ် ။ ဆရာ ဦးဇော်လင်းရေးတာမို့လား မသိဘူး ။ စာအုပ်ထဲမှာ Linux Platform များအကြောင်း Ubuntu Fedora Red Hed စသော OS သုံးမျိုးလုံး အသုံးပြုခြင်းများ Installation အကုန်ပါပါတယ် ။ မူရင်းစာအုပ်ဝယ်ရင်တော့ Fedora Installer Disc , Linux Package တွေကိုလည်းရမှာ ဖြစ်ပါတယ် ။ စိတ်ဝင်စားရင်တော့ ဒေါင်းကြပါ ။

Honest Hacking Guide Book


ဒီ Honest Hacking Guide Book ကတော့ အတော်ကြီးကို ကောင်းလွန်းလို့ ကျွန်တော်ဖတ်တာ ဆယ်ခါလောက်ရှိပါပြီ ။ Windows System ပိုင်းကို ပြည့်စုံစွာ ရှင်းပြထားသော စာအုပ်ပါ ။ ဆရာ သန်းထိုက် ရဲ့ လက်ရာတွေပါ ။ စိတ်ဝင်စားရင်တော့ ရဲရဲသာဒေါင်းပါ ခင်ဗျား ။

A+ စံပြမေးခွန်း၊ အဖြေများ နှင့် ရှင်းလင်းချက်များ


Hardware ကို လေ့လာလိုသူများ အတွက် အတော်ကို ကောင်းပါတယ် ။ ကျွန်တော်တော့ ဆောင်ထားသင့်သော စာအုပ်လို့ထင်ပါတယ် ။ ကျွန်တော်တော့ ဒေါင်းပြီးသွားပါပြီ ကီးကီးက ဒေါင်းတာပါ ကျွန်တော် ပြန်တင်ပေးလိုက်တယ် နော့် ။ မိတ်ဆွေတွေ အားလုံးကို ပြန်မျှဝေတာပါ ။ ရေးသားသူကတော့ Personal Computer Magazin အယ်ဒီတာအဖွဲ့ကပါ ။ ဖိုင်ဆိုဒ်က 16 MB ကျော် ရှိပါတယ် ။



SYSMAC-CPT ( OMRON ) PLC Program လေ့လာခြင်း ( Lesson 6 )


ကျွန်တော် OMRON PLC Controller များတွင် Program ရေးသားသော ဆော့ဝဲလ် ဖြစ်သော SYSMAC-CPT Software ကို လေ့လာလို့သော သူများအတွက် တင်ပေးလိုက်ပါတယ်နော့် ။ ဆော့ဝဲလ်က အသုံးပြုရတာ နည်းနည်းတော့ ခက်တယ်ဗျ ။ အရင်က ကျွန်တော်တင်ပေးတဲ့ ဆော့ဝဲလ်တွေလောက် ရေးရတာမလွယ်ဘူး ။ နည်းနည်းပဲ ခက်တာပါ ။ ကျွန်တော်လည်း စမ်းသပ်ရေးသားထားသော Start/Stop Program , Timer Counter Program ကိုလည်း တင်ပေးမှာမို့ ကျွန်တော်ရေးသော ပုံစံလေးတွေကိုလည်း ကြည့်နိုင်တာပေါ့ဗျာ ။ ဆော့ဝဲလ်က လေ့လာရုံလေ့လာလို့ရမှာ ဖြစ်ပြီး Simulate လုပ်လို့မရပါဘူး Check Program ပဲရမှာပါ ။ 
 စိတ်ဝင်စားရင်တော့


SYS WIN ( OMRON ) PLC Program ကို လေ့လာခြင်း ( Lesson 5 )


ကျွန်တော် OMRON PLC Controller တွေမှာ ရေးသားသော Program တစ်ခုဖြစ်တဲ့ SYS WIN Software ကို လေ့လာလိုသူများအတွက် Upload တင်ပေးလိုက်ပါတယ် ။ နောက် ကျွန်တော်ရေးသားထားသော Tutorial File ကို ပါ တင်ပေးလိုက်ပါတယ် ။ ကျွန်တော်ကတော့ Start/Stop , Timer /Counter Program နှစ်ပုဒ်ရေးသားပုံကို ရေးထားတာပါ ။ စိတ်ဝင်စားရင်တော့ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။



အဆင်ပြေနိင်ကြပါစေ..နည်းပညာလမ်းကြောင်းပေါ်ကညီအကိုများအားလုံးလာလည်တဲ့အတွက်လဲကျေးဇူးတင်ပါတယ်....:)

SCADA Primer ( EBooks )


ကျွန်တော် PLC ကို လေ့လာလိုသူများအတွက် SCADA Primer ဆိုသော စာအုပ်လေးကို မျှဝေပါ့မယ် ။ 

စာအုပ်မှာ

 What is SCADA?

 What is Telemetry?

 What is Data Acquisition? 

 Differences between SCADA and DCS?

 Components of SCADA 

 Typical System Configuration

 Modes of Communication 

 စသော အကြောင်းအရာများ ရေးသားဖော်ပြထားပါတယ် ။

 ဖိုင်ဆိုဒ်က 161 KB ရှိပါတယ်ခင်ဗျား ။

Practical SCADA for Industry EBook


ကျွန်တော် PLC ကို လေ့လာလိုသူများအတွက် Practical SCADA for Industry ဆိုသော စာအုပ်လေးကို မျှဝေပါ့မယ် ။ 
 စာအုပ်မှာ 
 Background to SCADA

 SCADA systems, hardware and firmware 

 SCADA systems software and protocols 

 Landlines 

 Local area network systems 

 Modems 

 Central site computer facilities 

 Troubleshooting and maintenance 

 Specification of systems 

 စသော အခန်းများပါရှိပါတယ် ။

 ဖိုင်ဆိုဒ်က 5 MB ကျော်ကျော်ရှိပါတယ် ။

PLCs theory and implementation 2nd ed. (L. A. Bryan) EBook


ကျွန်တော် PLCs theory and implementation 2nd ed. (L. A. Bryan) စာအုပ်ကို PLC ကို စိတ်ဝင်စားသော သူများအတွက် တင်ပေးလိုက်ပါတယ် ။
 စာအုပ်မှာ Section ၆ ခု Chapter ၂၁ ခု ပါဝင်ပါတယ် ။

SECTION 1 INTRODUCTORY CONCEPTS 
Chapter 1 Introduction to Programmable Controllers 
Chapter 2 Number Systems and Codes 
Chapter 3 Logic Concepts 

 SECTION 2 COMPONENTS AND SYSTEMS
 Chapter 4 Processors, the Power Supply, and Programming Devices 
Chapter 5 The Memory System and I/O Interaction 
Chapter 6 The Discrete Input/Output System
 Chapter 7 The Analog Input/Output System
 Chapter 8 Special Function I/O and Serial Communication Interfacing 

 SECTION 3 PLC PROGRAMMING 
 Chapter 9 Programming Languages 
Chapter 10 The IEC 1131 Standard and Programming Language
 Chapter 11 System Programming and Implementation 
Chapter 12 PLC System Documentation

 SECTION 4 PLC PROCESS APPLICATIONS
Chapter 13 Data Measurements and Transducers
 Chapter 14 Process Responses and Transfer Functions 
Chapter 15 Process Controllers and Loop Tuning 

 SECTION 5 ADVANCED PLC TOPICS AND NETWORKS 
 Chapter 16 Artificial Intelligence and PLC Systems 
Chapter 17 Fuzzy Logic
 Chapter 18 Local Area Networks
 Chapter 19 I/O Bus Networks

 SECTION 6 INSTALLATION AND START-UP 
 Chapter 20 PLC Start-Up and Maintenance
 Chapter 21 System Selection Guidelines

 ဖိုင်ဆိုဒ်က 4.6 MB ကျော်ကျော်ရှိပါတယ် ။



PLC မိတ်ဆက် ( Lesson 1 )


ကျွန်တော် သိသလောက်လေးရေးထားတာလေးပါ။ ပီအယ်စီနဲ့ ပက်သက်တာလေ့ပေါ့ဗျာ။ ကျွန်တော်ရေးထားတာလေးက ဖိုင်ဆိုဒ် 107 KB လောက်ပဲ ရှိပါတယ်။ အောက်မှာ ဒေါင်းလိုက်နော်။

PLC Programming ရေးသား​ရာ​တွင် သိ​သင့်​သ​မျှ ( Lesson 2 )


ကျွန်တော်နည်းနည်း ပါးပါး သိသလောက် ပြန်ရေးထားတာလေးပါ။ သင်တန်းမှာ ကျွန်တော် စသင်တုန်းက ပီအယ်လ်စီ ပရိုဂရမ်ကို ရေးသားနိုင်သော ပုံစံလေးတွေအကြောင်းပါ။ ကျွန်တော် ရေးထားတာလေးက 166 KB လောက်ပဲ ရှိပါတယ်။ အောက်မှာ ဒေါင်းလိုက်နော့်။


ချိုင်သားလေး

PLC Begineer Guide (E Book)


PLC Begineer Guide E Book ကို PLC ကို စိတ်ဝင်စားသော သူများအတွက် ကျွန်တော် တင်ပေးလိုက်ပါတယ် ။
 စာအုပ်မှာ ပါဝင်သော ခေါင်းစဉ်များကတော့ 
 Introduction 
System Configuration
 Feature and Functions
 Unit Specifications and Components
 Windows Based Programming Software-SYSWIN 
Application Examples of Basic Commands 
Useful Ladder Circuitry
 Installation and Wiring Considerations
 Maintenance and Troubleshooting 
Appendices (A-E) 
 စတာတွေပါဝင်ပါတယ် စာမျက်နှာ ၂၅၄ မျက်နှာပါဝင်ပြီး File Size က 3.5 MB လောက်ရှိပါတယ်။ စိတ်ဝင်စားရင်တော့ ဒေါင်းပေါ့ဗျာ ။


ချိုင်သားလေး


LADSIM ( Bytronic ) PLC Program ကို လေ့​လာ​ခြင်း( Lesson 3 )


ကျွန်တော် PLC Programming မိတ်ဆက်ကို Ladsim ( Bytronic ) ကို ဗဟုသုတ အနေဖြင့်ရေးသားလိုက်ပါမယ် ။ ကျွန်တော် Software နဲ့ Start/Stop , Timer/Counter Programmer ကို ရေးသားလိုက်ပါတယ် ။ ဒီသင်ခန်းစာက ကျွန်တော် သင်တန်းမှာ ပထမဆုံးတွေ့ရသော သင်ခန်းစာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ့လာသော သူများအတွက် အသုံးဝင်ပါတယ်။ 

 ဒါ Start/Stop Program ပါ ။


ဒါ Timer / Counter Program လေးပါ ။


ကျွန်တော် Software ကို Upload လုပ်ပေးထားပါတယ် ။ Software Files ထဲမှာ English လို Tutorial Files လေးပါပါတယ် ။ Software ကို အသုံးပြုပုံ သိပ်မခက်ပါ ။ EP / EC သမားများ အလွယ်တကူသိနိုင်ပါတယ် ။ Ladder Diagram ကို PLC Programming မှာ အသုံးများတာကို သတိပြုကြပါ ။


ကျန်းမာပျော်ရွှင် ချမ်းမြေ့ကြပါစေ....ဒေါင်းလင့်လေးတွေအဆင်မပြေရင်...changtharlay@gmail.com ကိုဆက်သွယ်ပါနော်..ကျေးဇူးတင်ပါတယ်...

KGLWIN (LG ) PLC Program ကိုလေ့လာခြင်း ( Lesson 4 )


LG PLC Controller တွေမှာ ရေးသာသော KGL WIN Program ကိုလေ့လာလို့ရအောင် ကျွန်တော် Software ကို တင်ပေးလိုက်ပါတယ် ။ နောက် ကျွန်တော် ရေးသားထားသော Toturial Files လေးကိုပါ လေ့လာလိုသူများအတွက် အဆင်ပြေအောင်တင်လိုက်ပါတယ် ။ ကျွန်တော် ရေးထားတာတော့ Start/Stop , Timer/Counter Program နှစ်ပုဒ်ပဲ ဖြစ်ပါတယ် ။ KGL WIN Program ကို Simulation လုပ်လို့မရပါ ။ Check Program ပဲရမှာပါ ။ သို့သော်လည်း ကျွန်တော်ဗဟုသုတရစေရန် ရည်ရွယ်ချက်နဲ့ပဲ တင်ပေးလိုက်ပါတယ် ။စိတ်ပါရင်တော့အောက်မှာဒေါင်းသွားပါ....



အဆင်ပြေနိင်ကြပါစေ....။

Introducting to PLC Programming and Implementation from Relay Logic to PLC Logic


ကျွန်တော် PLC Programming ကို စိတ်ဝင်စားသော သူများအတွက် Introducting to PLC Programming and Implementation from Relay Logic to PLC Logic ဆိုသော စာအုပ်ကို တင်ပေးလိုက်ပါတယ် ။ စာအုပ်မှာ အခန်း ၂၁ ခန်းပါဝင်ပါတယ် ။ 
ပါဝင်သော အခန်းများက 
 1) Introduction to Programmable Controllers 
 2) Number Systems and Codes
 3) Logic Concepts
 4) Processors, the Power Supply, and Programming Devices 
 5) The Memory System and I/O Interaction 
 6) The Discrete Input/Output System
 7) The Analog Input/Output System
 8) Special Function I/O and Serial Communication Interfacing 
9) Programming Languages 
 10) The IEC-1131 Standard and Programming Language 
 11) System Programming and Implementation 
 12) PLC System Documentation 
 13) Data Measurements and Transducers
 14) Process Responses and Transfer Functions 
15) Process Controllers and Loop Tuning 
 16) Artificial Intelligence and PLC Systems 
 17) Fuzzy Logic 
18) Local Area Networks 
 19) I/O Bus Networks 
 20) PLC Start-Up and Maintenance
 21) System Selection Guidelines 
 စတာတွေ ဖြစ်ပါတယ် ။ စာအုပ်က စာမျက်နှာ ရ၆ မျက်နှာပါရှိပြီး ဖိုင်ဆိုဒ်က 800 KB ကျော်ကျော်လောက်ရှိပါတယ် ။ လိုချင်သူများအောက်မှာဒေါင်းနိင်ပါတယ်...


အဆင်ပြေနိင်ကြပါစေ...။။ 

Guidance for SCADA Systems EBook


ကျွန်တော် PLC Controller တွေအားလုံးရဲ့ ဆရာဖြစ်သော SCADA စာအုပ်ဖြစ်တဲ့ Guidance for SCADA Systems စာအုပ်ကို လေ့လာချင်သူများ အတွက် တင်ပေးလိုက်တယ်နော့် ။ 
စာအုပ်မှာ
 CHAPTER 1. INTRODUCTION 
 CHAPTER 2. FUNDAMENTALS OF CONTROL 
CHAPTER 3. SYSTEM ARCHITECTURE 
CHAPTER 4. COMMUNICATION TECHNOLOGY 
 CHAPTER 5. RELIABILITY CONSIDERATIONS 
CHAPTER 6. OPERATOR INTERFACES 
CHAPTER 7. SECURITY CONSIDERATIONS 
CHAPTER 8. COMMISSIONING/VALIDATION 
CHAPTER 9. MAINTENANCE PRACTICES
 CHAPTER 10.DOCUMENTATION AND CHANGE CONTROL
 CHAPTER 11.PROJECT PLANNING AND IMPLEMENTATION
 စသော အခန်း ၁၁ ခန်းပါရှိပြီး စာမျက်နှာ ၉၄ မျက်နှာ ဖိုင်ဆိုဒ် 600 KB ကျော်ကျော်လေးရှိပါတယ် ။ စိတ်ဝင်စားသူများ ဒေါင်းပါခင်ဗျာ။


အဆင်ပြေနိင်ကြပါစေ....။   ချိုင်သားလေး

GX-Programmer and Simulator ( Mitsubishi PLC) Lesson 8


ကျွန်တော် Mitsubishi PLC Controller များ Program ရေးရာတွင် အသုံးပြုသော GX-Programmer and Simulator ကို တင်ပေးလိုက်ပါတယ် ။ ဆော့ဝဲလ်နဲ့ အတူ Manual Books များပါ ပါဝင်ပါတယ် ။ နှစ်ခုစလုံးက ဖိုင်ဆိုဒ် 35 MB လောက်စီရှိပါတယ်ခင်ဗျား ။




GX-Programmer တခုတည်းတင်ရင်တော့ Program များကို ရေးနိုင် Check နိုင်ပြီး Simulate လုပ်လို့မရပါဘူး ။ Simulator ကိုပါ တင်မှ GX-Programmer Software မှာ Simulation Function လေးအသက်ဝင်မှာ ဖြစ်ပါတယ် ။

ကျန်းမာပျော်ရွှင် ချမ်းမြေ့ပါစေ

Fuzzy Control Systems (html)


ကျွန်တော် Fuzzy Control Systems (html) ဆိုသော စာအုပ်လေးတင်ပေးလိုက်ပါတယ် ။ စာအုပ်မှာ အခန်း ၂၈ ခန်းပါဝင်ပြီး စာမျက်နှာ ၁၈ရ မျက်နှာရှိပါတယ် ။ ဖိုင်ဆိုဒ်က 16 MB လောက်ရှိပါတယ် ။


အဆင်ပြေနိင်ကြပါစေ....။

DELTA PLC SOFT ( Lesson 7 )


ကျွန်တော် PLC ကို စိတ်ဝင်စားသော သူများအတွက် Delta PLC Controller များတွင်ရေးသား အသုံးပြုနိုင်သော DELTA PLC SOFT Software ကိုတင်ပေးလိုက်ပါတယ် ။ ဆော့ဝဲလ်နဲ့အတူ English Version Tutorial and Manual Books များပါဝင်ပါတယ် ။ ကျွန်တော် Tutorial ရေးမသားတော့ဘူးနော့် ။ ဖိုင်ဆိုဒ်က 56 MB လောက်ရှိပါတယ် ။ ဒီဆော့ဝဲလ်ကတော့ Simulation ပါပြုလုပ်နိုင်သလို Windows XP , 7 32 Bits Version များမှာ အလုပ်လုပ်တာတွေ့ရပါတယ် ။


အဆင်ပြေနိင်ကြပါစေ....။

C++ Neural Networks and Fuzzy Logic ( EBook )


ကျွန်တော် PLC ကို စိတ်ဝင်စာသော သူများအတွက် C++ Neural Networks and Fuzzy Logic ဆိုသော စာအုပ်လေးတင်ပေးလိုက်ပါတယ် ။
 စာအုပ်မှာ
 Chapter 1—Introduction to Neural Networks 
Chapter 2—C++ and Object Orientation 
 Chapter 3—A Look at Fuzzy Logic
 Chapter 4—Constructing a Neural Network
 Chapter 5—A Survey of Neural Network Models 
 Chapter 6—Learning and Training 
 Chapter 7—Backpropagation
 Chapter 8—BAM: Bidirectional Associative Memory
 Chapter 9—FAM: Fuzzy Associative Memory
 Chapter 10—Adaptive Resonance Theory (ART) 
 Chapter 11—The Kohonen Self-Organizing Map 
 Chapter 12—Application to Pattern Recognition
 Chapter 13—Backpropagation II 
 Chapter 14—Application to Financial Forecasting 
 Chapter 15—Application to Nonlinear Optimization 
 Chapter 16—Applications of Fuzzy Logic 
 Chapter 17—Further Applications
 စသော အကြောင်းအရာများပါဝင်ပါတယ် ။
ဒေါင်းရန်..


အဆင်ပြေနိင်ကြပါစေ.....။။


Automating Manufacturing Systems with PLCs ( EBook )


ကျွန်တော် Mr.Hugh Jack ရေးသားသော Automating Manufacturing Systems with PLCs Version 5.0 Ebook ကို PLC ကို စိတ်ဝင်စားသော သူများအတွက် တင်ပေးလိုက်ပါတယ် ။ စာအုပ်မှာပါဝင်သော အကြောင်းအရာများက Programmable Logic Controllers 
 PLC Hardware 
 Logical Sensors 
 Logical Actuators
 Boolean Logic Design
 Karnaugh Maps
 PLC Operation
 Latches, Timers, Counters and More
 Structured Logical Design
 Flowchart Based Design 
 State Based Design 
 Numbers and Data 
 PLC Momery
 Ladder Logic Functions 
 Advenced Ladder Logic Functions 
 Open Controllers 
 Instruction List Programming 
 Structured Text Programming 
 SEQUENTIAL FUNCTION CHARTS 
 FUNCTION BLOCK PROGRAMMING 
 ANALOG INPUTS AND OUTPUTS 
 CONTINUOUS SENSORS
 CONTINUOUS ACTUATORS
 CONTINUOUS CONTROL 
 FUZZY LOGIC 
 SERIAL COMMUNICATION
 NETWORKING 
 INTERNET 
 HUMAN MACHINE INTERFACES (HMI) 
ELECTRICAL DESIGN AND CONSTRUCTION 
 SOFTWARE ENGINEERING
 SELECTING A PLC 
 FUNCTION REFERENCE 
 COMBINED GLOSSARY OF TERMS 
 PLC REFERENCES 
 GNU Free Documentation License 
စာမျက်နှာ ၈၃၉ မျက်နှာပါဝင်ပြီး 4MB ကျော်ကျော်ရှိပါတယ် ။ စိတ်ဝင်းစားသူများ ဒေါင်းပါခင်ဗျား ။


အဆင်ပြေနိင်ကြပါစေ....။