Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Saturday 10 May 2014

သမ္မာကျမ်းချက်တွေကိုလေ့လာကြမယ်

ကျနော်အခုတင်ပေးမှာကခရစ်ယာန်သူငယ်ချင်းတွေအတွက်နေ့ စဉ် 

သမ္မာကျမ်းစာကိုသွားရောက်ဖတ်ရှုလို့ လွယ်အောင်လင့်လေးတွေ ကျနော်တင်ပေးပါ့မယ်......

ကိုယ်နှစ်သက်ရာလင့်လေးတွေကိုနှိပ်ပီဝင်ရောက်လေ့လာနိင်ကြပါစေနော်....

အရောက်ဆီတိုင်းဘုရားသခင်ကောင်းချီပေးပါစေ..... 









ဒါလေးကတော့ စမ္မပောာင်း...စမ္မသစ်တွေကိုဖတ်လို့ ရတဲ့ဆိုဒ်လေးပါ






အားလုံးကိုကျေးဇူးတင်ပါတယ်
နောက်လည်းတင်ဆက်ပေးသွားပါမယ်လို့ ..ေိေိ
ဘုရားသားသမီးများဖြစ်နိင်ကြပါစေ..................


Sunday 4 May 2014

မိတ်ဆွေလေ့လာချင်သောပိုစ့်ကိုရွေးပါ.....တင်ထားပြီးသမျှ ပိုစ့် အားလုံးစုစည်းမှု


ကာရံမလှပေမယ့်ဒဏ်ရာကင်းတဲ့ကျွန်တော်ကဗျာ

ရင်ခွင်တံခါးကို 

အကြင်နာစွမ်းအင်နဲ့ 

နင်တစ်ယောက်တည်း ၀င်ခွင့်ရအောင်

 နှလုံးသားအဓိဌာန်ဝင် မေတ္တာတွေ သက်သေထား

 ချစ်ခြင်းရဲ့ တန်ခိုးနဲ့ ဘယ်တော့မှမကျိုးမယ့်

 နှလုံးသားတံခါးချပ် ငါဆောက်ထားတယ် ။ 

 နားလည်မှု့ အမျှင်ထုတ် 

သံယောဇဉ်ကြိုးတုတ်တုတ်နဲ့

 ငါဆုပ်ထားတဲ့ ချစ်ခြင်းစံပယ်တပွင့်ဟာ

 ကမ္ဘာတည်သမျှ မညှိုးနွမ်းမယ့် 

ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့ 

ငါ့နှလုံးသား အချစ်သမိုင်းမှာ မြတ်မြတ်နိုးနိုးရေသီခဲ့မယ် ။

 အချစ်ကို အချစ်လို့ နာမည်တပ်နိုင်ယုံလောက်နဲ့ 

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း လျှာဖျားက

 အားယားပြီးထွက်လာတာမဟုတ်တော့

 အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့

 ကြင်နာ မြတ်နိုး ယုယ တွယ်တာ နားလည် ပေးဆပ် မှေးစက်စေချင်တာ

 နှလုံးသားမွေ့ယာပေါ်မှာမို့ နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်း

 နင့်အတွက် အချစ်တွေ အန်ချတဲ့ 

ကာရံမလှပေမယ့် ဒဏ်ရာကင်းတဲ့ 

ကဗျာလေးလို့ နင့်စိတ်မှာထား နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။
နှလုံးသားဖြင့်................changtharlay@gmail.com

နင်မသိသေးသော

ကောင်းကင်ယံမှာ နေ တစင်း ထွန်းလင်းနေတာ 
 နင် သိဖူးချင် သိဖူးပါလိမ့်မယ်
 ငါ့နှလုံးသားထဲ မျှော်လင့်ချက်အစဉ် ထွန်းတောက် နေတာ 
 နင် သိလိုက်မှာ မဟုတ်ဘူးနော်။

 တစ်လတခါ လတစင်း ၀င်းပနေတာ 
နင် ကြည့်ဖူးချင် ကြည့်ဖူးပါလိမ့်မယ်
 ငါ့အသဲထဲ ယုံကြည်မှုအမြဲ ၀င်းလဲ့နေတာ
 နင် ကြည့်ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 ညအခါ မှာ ကြယ်တွေအများကြီးဖြန့်ကျက်နေတာ
 နင် မြင်ဖူးချင် မြင်ဖူးပါလိမ့်မယ်
 ငါ့ရင်ထဲ တောင်းဆုကြယ်တွေအနှံ့ ပြည့်နေတာ
 နင် မြင်ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 တခါတရံ ဆန်းကြယ်စွာ ကြယ်ကြွေတာကို 
 နင် ကြုံဖူးချင် ကြုံဖူးပါလိမ့်မယ်
 ငါ့သွေးသားထဲ မျက်ရည်တစ်စက် ကြွေလွှင့်သွားတာ
 နင် ကြုံဖူးလိုက်မှာ မဟုတ်ဘူးနော်။

 လေအဝှေ့ ကြေမွသွားတဲ့ တိမ်ဆိုင်လိတ်တွေကို
 နင် တွေ့ဖူးချင် တွေ့ဖူးပါလိမ့်မယ်
 ငါ့ဘ၀ထဲ ရည်မှန်းချက်တွေ လွင့်ပြယ်သွားတာ
 နင် တွေ့ဖူးလိုက်မှာ မဟုတ်ဘူးနော်။

 ဖန်တီးနေတဲ့ ငါ့ကမ္ဘာမှာ နင်ရောက်ရှိနေတာကို
 နင် ဆန္ဒရှိချင်မှ ရှိဖူးပါလိမ့်မယ်
 ငါဆိုတာ နင့်ကမ္ဘာမှာ မြူမှုန်တစ အဖြစ်တောင်
 နင် ဆန္ဒရှိဖူးလိုက်မှာ မဟုတ်ဘူးနော်။

ခေတ္တမလေးနယ်မြေ...........changtharlay@gmail.com
Saturday 3 May 2014

**ဝေး**

 ဝေးရတော့မယ့်

ရက်တွေကို တွေးလိုက်မိတိုင်း

 ရင်ထဲမှာ အခါခါကြွေရတယ် ။ ။ 

ပါးနှစ်ဖက်ပေါ်မှာ မျက်ရည်မကျပေမယ့် 

 ရင်တွင်းမှာ မြစ်တစ်စင်းလို စီးဆင်းခဲ့တာ

 ဘယ်သူတွေ သိနိုင်ဦးမှာလဲ ။ ။

 ဝေးရမယ်ဆိုတာ အစက သိထားမိခဲ့ရင် 

 အဝေးဆုံး တစ်နေရာအား

 ပြေးပုန်းကာ ရှောင်နေပါရစေတော့ ........။ ။ 


ခင်မင်လေးစားစွာဖြင့်........changtharlay@gmail.com

အပယ်ခံ

နင့်အတွက်

 စစ်မှန်တဲ့ အကောင်းဆုံးချစ်သူဖြစ်ဖို့

 ငါ ကြိုးစားခဲ့တယ်။ ...

 နံရံလို... ပင်လယ်လို... ဖြည့်စည်းပေးနိုင်ဖို့ 

ငါ ကြိုးစားခဲ့တယ်။ 

 ငါက နင်ထညိလဲစီးတဲ့ ဖိနပ်တွေထဲက 

တစ်ရံတဲ့လား ရင်ဘတ်ကြီးတစ်ခုလုံး

 တောင့် တင်း အေး ခဲ သွား တယ်။ 

ဘယ်သူ့အသည်းကိုမှ

 ဆားနဲ့ မပက်ဖူးပါဘူး ငါ့ ကျ မှ ဘာ လို့ လဲ??? 

 ဘာမှ မကျန်အောင်ပေးခဲ့တာတောင်

 ခြေရာတစ်စုံကလွဲပြီး ဘာမှ ပြန်မရခဲ့ဘူး။

 ချိုချို ခါးခါး မမျှော်လင့်ရဲတော့ပါဘူး

 ဒီဒဏ်ရာနဲ့တင် သေရာပါဖို့ လုံ လောက် ပါ တယ်။
အပယ်ခံလူသား..............changtharlay@gmail.com

နင်သိနိင်ပါစေ

ရန်သူတွေတောင်မှ လက်နက်ချရင်

 ကျေအေးရသေးတာပဲဟယ်...

 နင့်ရှေ့မှာ...

 ဒူးထောက်ပြီး ခေါင်းငုံ့ထားတာတောင် 

ပခုံးပေါ် ခြေထောက်တင်ချင်သေးတာလား???

 ရပါတယ်ဟာ... ငါကလည်း ... 

နင့်ရဲ့ပထမဆုံးအပြုံးနဲ့တင်... 

အတုံးအရုန်း ကျရှုံးထားတာပဲ။ 

နာရင်းရိုက်ပြီး လှည့်ထွက်သွားရင်တောင်မှ

နာကျည်းနိုင်မှာ မဟုတ်ပါဘူး။ 

 ငါ့ကိုယ်ငါထက် နင့်ကိုပိုပြီး တန်ဖိုးထားတာ... 

 ငါပိုင်ဆိုင်သမျှ အရာအားလုံးထက်

 နင့်ကိုပိုပြီး မြတ်နိုးတာ

 ငါ့ကိုယ်ငါ ပြန်ရှာမတွေ့တော့လောက်အောင်ကို

 နင့်ကို အရမ်းချစ်နေမိတာ...

 (ဒါတွေကို)

 ငါနဲ့ ငါ့ကိုယ်စောင့်နတ်အပြင်

 နင့်ကိုပါ သိစေချင်လိုက်တာဟာ။ ။