Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Tuesday 11 February 2014

Flash Song လေးတွေ ဖန်တီးဖို့ SWI Effect များ



Flash Song လေးတွေ ဖန်တီးနေတဲ့ သူငယ်ချင်းတွေရော၊ ခုမှ Flash Song လုပ်တာ ဝါသနာပါလာလို့ လုပ်ချင်တဲ့ သူငယ်ချင်းတွေ အတွက်ရော Flash Song တွေ ဖန်တီးဖို့ SWI Effect လေးတွေ အသစ်ပြန်တင်ပေး လိုက်ပါတယ်။ ဟိုအရင် ကျွန်တော် Google Code က တင်ပေးထားတာတွေက 2013 ကုန်ပြီဆိုတာနဲ့ ဒေါင်းလို့ မရနိုင်တော့ပါဘူး။ Google က 2013 ကုန်တာနဲ့ Google Code ကို ဖျက်ပြီးတော့ Google Drive မှာပဲ Host လုပ်ဖို့ ပြောထားပြီး ပါပြီ။ ပြီးတော့ အရင်က တင်ပေးတုန်းက SWI Effect တွေကို WinRAR နဲ့ ချုပ်ပြီးတော့ တင်ပေးခဲ့တာပါ။ တစ်ချို့ကျတော့ WinRAR ဆော့ဝဲလ် မရှိလို့ ဖွင့်မရ သုံးမရ ဖြစ်နေတာတွေနဲ့ WinRAR ဆော့ဝဲလ်ကို Full Version မဟုတ်သေးတာတွေ သုံးနေတာတို့ ဆိုရင် ဖွင့်လိုက်တိုင်း ဝယ်ခိုင်းတဲ့ ဘောက်စ်က တက်နေတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ SWI Effect တွေကို .swi ဖိုင်နဲ့ပဲ တင်ပေးလိုက်ပါတယ်။ Flash Song လုပ်တဲ့အခါမှာ အလွယ်တကူ ယူ သုံးနိုင်အောင်လို့ပါ။ ပြီးတော့ အရင်ကထက်လည်း Effect တွေ စုံပါတယ်။ Double Tun တင်ပေးခဲ့တဲ့ Effect တွေရယ်မလွမ်းဧကရီ ၊ ကိုမျိုးဦး ၊ မိုးကဗျာ ၊ ပြီးတော့ အနော်ဒေါင်းပြီး စုထားတာတွေရော ပါပါတယ်။ Flash Song လုပ်တဲ့အခါ အများဆုံး လိုအပ်တဲ့ Play/Stop Button တွေ ၊ Mouse Effect တွေ ၊ လင့်တွေ ချိတ်ဖို့ Button တွေရော အများကြီးပါ။


သူငယ်ချင်း သူရိန်လင်း တင်ပေးထားတာပါ။ ဖလက်ဝါဒနာရှင်အားလုံး အလွယ် အသုံးပြုနိုင်အောင် ကျနော်ပြန်ရှယ်ပေးလိုက်တာပါ။
ကျနော်ကိုယ်တိုင်လည်းဖလက်လေးတွေလုပ်တာဝါသနာပါလို့ ပြန်တင်ပေးလိုက်တာပါ...
လာရောက်လည်ပတ်ကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်...  ချိုင်သားလေး

0 comments:

Post a Comment