Click Here For Free Blog Templates!!!
Blogaholic Designs

Blogroll

ကျနော်ဘလော့လေးမှာလာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးရွှမ်းလန်းချမ်းမြေ့ကြပါစေ
Thursday 30 January 2014

အချစ် ကဗျာ



နင်မမြင်နိုင်ပေမယ့်
နင်မြင်နိုင်မယ့်နေရာတိုင်းမှာငါရှိနေတယ်
နင့်ကိုပြောမပြနိုင်တဲ့
ငါမက်တဲ့အိပ်မက်တိုင်းမှာ
နင်အမြဲပါတယ်
နင်မကြားနိုင်တဲ့
ငါဆိုတဲ့သီချင်းတိုင်း
နင့်ကိုရည်ရွယ်တယ်
နင်မဖတ်ချင်တဲ့
ငါရေးတဲ့ကဗျာ တိုင်းနင်ကိုခံစားတယ်
နင်မဖတ်တတ်တဲ့
ငါ့မျက်နှာပေါ်ကအပြုံးတွေ
နင့်ကြောင့်သေဆုံးကုန်တယ်
ဒါပေမယ့်
နင်မလိုချင်တဲ့
ငါ့နှလုံးသားပွင့်တဲ့ပန်း
နင်ခူးမယ့်အချိန်ထိ
ရာသီတိုင်းပွင့်နေမယ်.....အချစ်ရယ်...။

ကဗျာလေးအပေါ်သင့်ဘယ်လိုမြင်လဲ

ကျနော်ဘလော့ထဲကသူငယ်ချင်းညီအကိုမောင်နှမများအားလုံးကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းနိင်ကြပါစေလို့ ဆုမွန်တောင်းပေးလျှက် ချိုင်သားလေး

0 comments:

Post a Comment